Community Rules & Guidelines Community စည်းမျဉ်းစည်းကမ်းများ
Upholding a standard of excellence, respect, and collaboration within the MyanCode ecosystem. MyanCode Community အတွင်း အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အဆင့်အတန်းမြင့်မားမှုကို ထိန်းသိမ်းထားရှိရန်။
01. Introduction & Purpose နိဒါန်းနှင့် ရည်ရွယ်ချက်
Welcome to the MyanCode Community. This platform is meticulously designed to serve as a premier hub for developers, creators, and technology enthusiasts across Myanmar and globally. Our goal is to foster an environment where knowledge is shared freely, questions are answered comprehensively, and professional networks are built safely. To maintain this high standard of interaction, every member is strictly required to read, understand, and continuously adhere to the following community rules.
MyanCode Community မှ နွေးထွေးစွာ ကြိုဆိုပါသည်။ ဤပလက်ဖောင်းသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ နည်းပညာပညာရှင်များ၊ ဖန်တီးသူများအတွက် အဆင့်မြင့် ဗဟိုဌာနတစ်ခုအဖြစ် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်ရွယ်ချက်မှာ အသိပညာများကို လွတ်လပ်စွာ မျှဝေနိုင်ရန်၊ မေးခွန်းများကို ပြည့်စုံစွာ ဖြေကြားပေးနိုင်ရန်နှင့် ပရော်ဖက်ရှင်နယ် ကွန်ရက်များကို လုံခြုံစွာ တည်ဆောက်နိုင်ရန် ဖြစ်ပါသည်။ ထိုသို့ အဆင့်အတန်းမြင့်မားသော ဆက်သွယ်ပြောဆိုမှုများကို ထိန်းသိမ်းထားနိုင်ရန်အတွက်၊ အဖွဲ့ဝင်တိုင်းသည် အောက်ပါစည်းမျဉ်းများကို ဖတ်ရှုနားလည်ပြီး အစဉ်အမြဲ တင်းကျပ်စွာ လိုက်နာရန် လိုအပ်ပါသည်။
02. Code of Conduct & Professionalism ကျင့်ဝတ်စည်းကမ်းနှင့် ပရော်ဖက်ရှင်နယ်ကျမှု
We prioritize mutual respect, empathy, and constructive communication above all else.
ကျွန်ုပ်တို့သည် အပြန်အလှန် လေးစားမှု၊ ကိုယ်ချင်းစာတရားနှင့် အပြုသဘောဆောင်သော ဆက်သွယ်မှုများကို အထူးဦးစားပေးပါသည်။
-
Zero Tolerance for Harassment: Personal attacks, bullying, doxxing, or targeted harassment of any member will not be tolerated under any circumstances.အနိုင်ကျင့်မှုများကို လုံးဝသည်းခံမည်မဟုတ်ပါ: ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေခြင်း (Doxxing) သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခြင်းများကို မည်သည့်အခြေအနေတွင်မဆို လုံးဝသည်းခံမည်မဟုတ်ပါ။
-
Strict Ban on Hate Speech: Racism, sexism, homophobia, and any form of discriminatory language or derogatory slurs are strictly prohibited and will trigger immediate, permanent bans.အမုန်းစကားများ တားမြစ်ခြင်း: လူမျိုးရေးခွဲခြားခြင်း၊ လိင်ပိုင်းဆိုင်ရာခွဲခြားခြင်းနှင့် အခြားသော ခွဲခြားဆက်ဆံမှု၊ နှိမ်ချသော စကားလုံးများ အသုံးပြုခြင်းကို တင်းကျပ်စွာ တားမြစ်ထားပြီး၊ ချိုးဖောက်ပါက ချက်ချင်း အပြီးတိုင် ပိတ်သိမ်းမည်ဖြစ်သည်။
-
Constructive Disagreements: Debates regarding code, architecture, or technology are encouraged. However, arguments must remain strictly professional. Focus on criticizing the code or the concept, never the person.အပြုသဘောဆောင်သော ငြင်းခုံမှုများ: နည်းပညာနှင့် ပတ်သက်သော ဆွေးနွေးငြင်းခုံမှုများကို ကြိုဆိုပါသည်။ သို့သော် ဆွေးနွေးမှုများသည် ပရော်ဖက်ရှင်နယ်ကျရမည်ဖြစ်ပြီး၊ ပုဂ္ဂိုလ်ရေးကို မဝေဖန်ဘဲ အကြောင်းအရာကိုသာ အာရုံစိုက် ဆွေးနွေးရပါမည်။
03. Content Quality & Standards အကြောင်းအရာ အရည်အသွေးနှင့် စံညွှန်းများ
The value of this community is driven by the quality of the content shared by its members. Please ensure your contributions elevate the standard of the platform.
ဤ Community ၏ တန်ဖိုးသည် အဖွဲ့ဝင်များမျှဝေသော အကြောင်းအရာများ၏ အရည်အသွေးပေါ်တွင် မူတည်ပါသည်။ သင့်၏ ပါဝင်မှုများသည် ပလက်ဖောင်း၏ စံညွှန်းကို မြှင့်တင်ပေးနိုင်ရန် သေချာစေပါ။
Posting Guidelines:
ပို့စ်တင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ:
- Ensure posts, questions, and code snippets are clear, concise, and highly relevant to technology, programming, or digital design. ပို့စ်များ၊ မေးခွန်းများနှင့် ကုတ်ဒ်များသည် ရှင်းလင်းပြတ်သားပြီး နည်းပညာ၊ ပရိုဂရမ်ရေးဆွဲခြင်း သို့မဟုတ် ဒီဇိုင်းဆိုင်ရာများနှင့် တိုက်ရိုက်သက်ဆိုင်ရပါမည်။
- Avoid "low-effort" posts (e.g., posting an error log without context, or vague questions like "Pls help"). Always provide necessary context, what you have tried, and formatted code. အချက်အလက်မပြည့်စုံသော ပို့စ်များတင်ခြင်းမှ ရှောင်ကြဉ်ပါ။ (ဥပမာ - "ကူညီပါအုံး" ဟုသာ ရေးသားခြင်း)။ မိမိကြုံတွေ့နေရသော ပြဿနာ၊ ကြိုးစားခဲ့သည့် နည်းလမ်းများနှင့် ကုတ်ဒ်များကို သေချာစွာ ရှင်းပြပါ။
- Blatant self-promotion, excessive link dropping, or advertising services without providing direct educational value to the community is classified as spam and will be removed. Community အတွက် ပညာပေးတန်ဖိုးမပါဘဲ မိမိကိုယ်ကို အလွန်အကျွံ ကြော်ငြာခြင်း၊ လင့်ခ်များချည်းသာ ချထားခြင်းများကို စပမ်း (Spam) အဖြစ် သတ်မှတ်ပြီး ဖယ်ရှားမည်ဖြစ်သည်။
04. Strictly Prohibited Activities တင်းကျပ်စွာ တားမြစ်ထားသော လုပ်ရပ်များ
Engaging in any of the following activities constitutes a severe breach of this agreement and will result in immediate punitive actions, up to and including reporting to relevant legal authorities without prior warning.
အောက်ပါလုပ်ရပ်များထဲမှ တစ်ခုခုကို ကျူးလွန်ပါက ဤသဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်ရာရောက်ပြီး၊ သတိပေးချက်မရှိဘဲ ချက်ချင်း အရေးယူမှုများ ခံရမည့်အပြင် သက်ဆိုင်ရာ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများထံသို့ပါ တိုင်ကြားသွားမည်ဖြစ်သည်။
NSFW & Illegal Content
The distribution of explicit, pornographic, or highly graphic material is entirely banned. Sharing links to illegal downloads, pirated software, or stolen credentials is similarly forbidden.
ညစ်ညမ်းနှင့် တရားမဝင် အကြောင်းအရာများ
ညစ်ညမ်းသော အကြောင်းအရာများ၊ ရုပ်ပုံများ ဖြန့်ဝေခြင်းကို လုံးဝ တားမြစ်ထားသည်။ တရားမဝင် ဒေါင်းလုဒ်လင့်ခ်များ၊ ခိုးယူထားသော ဆော့ဖ်ဝဲများနှင့် အကောင့်အချက်အလက်များ မျှဝေခြင်းကိုလည်း ခွင့်မပြုပါ။
Malicious Code & Hacking
Posting code designed to exploit vulnerabilities, distribute malware, install ransomware, or facilitate denial-of-service (DoS) attacks is a critical violation. We cooperate fully with cybersecurity investigations.
အန္တရာယ်ရှိသော ကုတ်ဒ်များနှင့် Hacking
စနစ်များ၏ အားနည်းချက်ကို အမြတ်ထုတ်ရန်၊ Malware ဖြန့်ဝေရန်၊ Ransomware သွင်းရန် သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ရန် ရည်ရွယ်ထားသော ကုတ်ဒ်များ တင်ခြင်းသည် အလွန်ကြီးလေးသော ချိုးဖောက်မှုဖြစ်သည်။ ကျွန်ုပ်တို့သည် ဆိုက်ဘာလုံခြုံရေး စုံစမ်းစစ်ဆေးမှုများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါသည်။
Plagiarism & IP Theft
Do not claim ownership of open-source projects or premium assets you did not create. Plagiarizing tutorials, articles, or codebase segments without proper attribution to the original author violates our intellectual property policy.
မူပိုင်ခွင့်ချိုးဖောက်ခြင်း
သင်ကိုယ်တိုင် မဖန်တီးထားသော ပရောဂျက်များ သို့မဟုတ် ပရီမီယမ် အရာများကို မိမိပိုင်အဖြစ် မကြေညာပါနှင့်။ မူရင်းဖန်တီးသူကို Credit မပေးဘဲ အခြားသူများ၏ ဆောင်းပါးများ၊ ကုတ်ဒ်များကို ကူးယူဖော်ပြခြင်းသည် ကျွန်ုပ်တို့၏ မူပိုင်ခွင့် မူဝါဒကို ချိုးဖောက်ခြင်းဖြစ်သည်။
05. Enforcement & Disciplinary Actions စောင့်ကြည့်အရေးယူခြင်းနှင့် ပြစ်ဒဏ်များ
The MyanCode Moderation Team continuously monitors the platform. We employ an escalating scale of consequences for rule violations, though severe infractions will immediately bypass warnings.
MyanCode စောင့်ကြည့်ထိန်းချုပ်ရေးအဖွဲ့သည် ပလက်ဖောင်းကို အစဉ်မပြတ် စောင့်ကြည့်နေပါသည်။ စည်းမျဉ်းချိုးဖောက်မှုများအတွက် အဆင့်လိုက် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သော်လည်း၊ အလွန်ဆိုးရွားသော ချိုးဖောက်မှုများအတွက်မူ သတိပေးချက်မရှိဘဲ ချက်ချင်း ပြင်းထန်စွာ အရေးယူမည်ဖြစ်သည်။
The offending content is securely deleted from our databases. An official warning notification is dispatched to the user's registered email detailing the specific violation.
စည်းမျဉ်းချိုးဖောက်ထားသော အကြောင်းအရာကို ဖယ်ရှားမည်ဖြစ်ပြီး၊ အသုံးပြုသူ၏ အီးမေးလ်သို့ တရားဝင် သတိပေးစာ ပေးပို့မည်ဖြစ်သည်။
For repeated or moderate offenses, the user's account will be temporarily suspended from accessing the community or making purchases. Suspensions last between 7 to 30 days.
ထပ်မံကျူးလွန်မှုများ သို့မဟုတ် အလယ်အလတ်အဆင့် ချိုးဖောက်မှုများအတွက် အကောင့်ကို ၇ ရက်မှ ၃၀ ရက်အထိ ယာယီ ပိတ်သိမ်းမည်ဖြစ်သည်။
For third strikes or critical violations, the account is permanently terminated. Associated IP addresses and device fingerprints are blacklisted system-wide.
တတိယအကြိမ် ထပ်မံကျူးလွန်ခြင်း သို့မဟုတ် အလွန်ဆိုးရွားသော ချိုးဖောက်မှုများအတွက် အကောင့်ကို အပြီးတိုင် ပိတ်သိမ်းမည်ဖြစ်ပြီး၊ IP နှင့် Device များကိုပါ စနစ်တစ်ခုလုံးမှ Blacklist သွင်းမည်ဖြစ်သည်။
06. Reporting and Appeals တိုင်ကြားခြင်းနှင့် အယူခံဝင်ခြင်း
Maintaining this ecosystem is a collective effort. If you encounter a post, comment, or user violating the rules, utilize the native "Report" function available in the options menu of every post.
ဤ Community ကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန်မှာ အားလုံး၏ ပူးပေါင်းပါဝင်မှု လိုအပ်ပါသည်။ စည်းမျဉ်းချိုးဖောက်နေသော ပို့စ်များ၊ မှတ်ချက်များ သို့မဟုတ် အသုံးပြုသူများကို တွေ့ရှိပါက ပို့စ်တိုင်းရှိ Options Menu မှတဆင့် "Report" လုပ်ဆောင်ချက်ကို အသုံးပြု၍ တိုင်ကြားပေးပါ။
- All reports are kept strictly confidential and anonymous. တိုင်ကြားချက်များအားလုံးကို လျှို့ဝှက်ထားရှိမည်ဖြစ်ပြီး မည်သူတိုင်ကြားကြောင်းကို ထုတ်ဖော်မည်မဟုတ်ပါ။
- Our moderation team commits to reviewing all reports within a 24 to 48-hour SLA framework. စောင့်ကြည့်ထိန်းချုပ်ရေးအဖွဲ့သည် တိုင်ကြားချက်များအားလုံးကို ၂၄ နာရီမှ ၄၈ နာရီအတွင်း စစ်ဆေးအရေးယူပေးမည်ဖြစ်သည်။
- While moderation decisions are generally final, legitimate appeals can be submitted through our Support Portal. ဆုံးဖြတ်ချက်များသည် များသောအားဖြင့် အတည်ဖြစ်သော်လည်း၊ လိုအပ်ပါက ကျွန်ုပ်တို့၏ Support Portal မှတဆင့် အယူခံတင်ပြနိုင်ပါသည်။
07. Legal Directories & Policies အခြားသော ဥပဒေရေးရာ မူဝါဒများ
For further information regarding your rights, data handling, and service agreements, please refer to our comprehensive legal directories.
သင်၏ အခွင့်အရေးများ၊ အချက်အလက် ကိုင်တွယ်မှုများနှင့် ဝန်ဆောင်မှု သဘောတူညီချက်များအတွက် ကျွန်ုပ်တို့၏ ပြည့်စုံသော ဥပဒေရေးရာ မူဝါဒများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Privacy Policy
Learn how we collect, use, and protect your personal data across the MyanCode platform.
Terms of Service
The overarching rules, regulations, and conditions governing the use of our services.
Refund Policy
Guidelines detailing eligibility, procedures, and exceptions for service and template refunds.
Service Policy
Specific terms regarding custom development, delivery timelines, and client responsibilities.
By accessing, browsing, or publishing content within the MyanCode Community Marketplace, you implicitly acknowledge that you have read, understood, and agreed to be legally bound by these Community Rules. MyanCode reserves the unalienable right to update, modify, or append these guidelines at any time without explicit prior notice to individual users.
MyanCode Community အတွင်းသို့ ဝင်ရောက်အသုံးပြုခြင်း၊ ဖတ်ရှုခြင်း သို့မဟုတ် အကြောင်းအရာများ တင်ခြင်းအားဖြင့်၊ သင်သည် ဤ Community စည်းမျဉ်းများကို ဖတ်ရှု၊ နားလည်ပြီး ဥပဒေအရ လိုက်နာရန် သဘောတူညီကြောင်း အလိုအလျောက် အသိအမှတ်ပြုပါသည်။ MyanCode သည် အသုံးပြုသူများထံ ကြိုတင်အသိပေးခြင်းမရှိဘဲ အချိန်မရွေး ဤစည်းမျဉ်းများကို ပြင်ဆင်မွမ်းမံနိုင်ခွင့်၊ အသစ်ထပ်မံဖြည့်စွက်နိုင်ခွင့် ရှိပါသည်။